စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ခါမ်းပါတ် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာတွင် ကိုဗစ်-၁၉နှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

"လူစုလူဝေးမလုပ်ဖို့၊အပြင်သွားရင် မျက်နှာအကာနှာခေါင်းစည်းတပ်ဆင်ဖို့၊အစိုးရက Stay home သတ်မှတ်ထားတဲ့ ဒေသက ပြန်လာရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး Quarantine ဝင်ဖို့နဲ့ နိုင်ငံခြားဒေသတွေကပြန်လာရင်လည်း Quarantine ဝင်ကြဖို့ကို အသိပေးဆောင်ရွက်တာဖြစ်ပါတယ်"ဟု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူငယ်အဖွဲ့များမှကျေးရွာတွင်းသို့  လှည့်လှည်၍ မိမိတို့တိုင်းရင်းသား ဘာသာစကားများဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

သားငယ်(ပြန်/ဆက်)