မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရေစကြို စက်တင်ဘာ ၁၄

ရေစကြိုမြို့နယ်တွင်(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အကြို စုပေါင်း သန့် ရှင်းရေးကို ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က ရေစကြိုမြို့မဟာဓမ္မကလျာဏီ သာသနာ့ဗိမာန်တော်ကြီးရှေ့တွင် ဆောင်ရွက်သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အကြိုအနေဖြင့် ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ် မှူးရုံး(ရေစကြို)က တပ်ဖွဲ့စိတ်မှူး ရဲတပ်ကြပ်ကြီးနိုင်မိုးနှင့် တပ်ဖွဲ့ဝင် ၆ ဦး၊ ရေစကြိုမြို့နယ်၊ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ခွဲမှူး ဦးကျော်လွင် နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းတို့နှင့်ပူးပေါင်း၍ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နွယ်နွယ်အောင်(ရေစကြို ပြန်/ဆက်)