ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေဘုံသာကျေးရွာ၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ပန်းတောင်း သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ရွှေဘုံသာကျေးရွာ၌ ပြည်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များ ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

စားသုံးဆီနှင့်ဆန်များကို အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် ပြည်သူများသက်သာစေရန် စားသုံးဆီ ပိဿာ (၁၀၀) အား တစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှုန်းနှင့် မနောသုခဆန်အိတ် (၃၀) တို့အား တစ်ပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁) စုလျှင် စားသုံးဆီ (၅၀) ကျပ်သားနှင့် ဆန် (၂) ပြည်နှုန်း ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)