လှိုင်းဘွဲမြို့နယ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပျော်ရွှင်စရာပြိုင်ပွဲများကျင်းပ

လှိုင်းဘွဲ  ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များအနေဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းတို့ကို ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)