ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်

ပိုင်ကျုံ   ဩဂုတ်  ၂၅

ကရင်ပြည်နယ်ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ မြို့မသာသနာပြုပရဟိတကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများစုပေါင်း၍ ဗုဒ္ဓဘာသာတို့၏ ဝါတွင်း(၃)လအတွင်း ကုသိုလ်တရားများရရှိရေးအတွက်  ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက ဆက်ကပ်ပူဇော်လှူခဲ့သည်။

ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားတွင်တက်ရောက်လာသော ဆရာတော်/သံဃာတော်များ၊ တရားနာပြည်သူများ‌က နာမောတဿသုံးကြိမ် ရွတ်ဆိုခဲ့ပြီး ပိုင်ကျုံမြို့၊ မြို့မသာသနာပြု-ပရဟိကျောင်း ဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူရခြင်း၏ အကျိုးကျေးဇူးများ၊ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းနှင့် ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မှုခဲ့သောတရားများ၊ ဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာများပွားများ အားထုတ်ခြင်း များကို ဟောကြားတော်မူခဲ့သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက်ရေစက်ချ အမျှဝေပေးခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)