သံတောင်ကြီး ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ စာဖတ်အား ကောင်းမွန်လာစေရန်၊ အကောင်းအဆိုး၊ အမှားအမှန်သိရှိစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး (Book Club) အဖွဲ့ဝင်များက စာရေးဆရာမနန္ဒခင်၏ အဖေ့ခြံနှင့် အခြားရသဝတ္ထုတိုစာအုပ်အား ယမန်နေ့နေ့လယ်(၂)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနော်လော်မူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး နော်ယွာအယ် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာများဖြစ်သည့် ပွဲ၊ နှိုးစက်၊ ရောင်ပြန်၊ အလုပ်ဂုဏ်၊ အဖေ့ခြံ စသည့်ခေါင်းစဉ်ငယ်များ ဖတ်ကြား ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် နော်အယ်ဝါးက သစ္စာပန်း၊ ရွှေနားဖူးလေးတစ်ရန်၊ နှလုံးသားကို အလှဆင်စသည့်ကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ