ငွေဆောင်မြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

ငွေဆောင် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်က ငွေဆောင်မြို့ ပြည်သူ့စာကြည့်တိုက်သို့ ငွေဆောင်မြို့၊ အ.ထ.က ငွေဆောင်မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကာ စာအုပ်၊ စာစောင်များ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အ.ထ.ကငွေဆောင်မှ ဒုတိယမူလတန်းပြ ဒေါ်ဟေမာဉီးက ဉီးဆောင်ကာ Grade-5 ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်တွင် တစ်နာရီကြာ စာအုပ်စာပေများ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။ ပြည်သူ့စာကြည့်တိုက်မှ ပြန်/ဆက် ဝန်ထမ်းများကလည်း လာရောက်လေ့လာကြသော ကျောင်းသား/ သူများကို လှိုက်လှိုက်လဲလဲ ကြိုဆိုခဲ့ပြီး နားမလည်သည်များကို ရှင်းပြပေးခဲ့ကြောင်း သိရသည်။ ကျောင်းသား/သူများ ဖတ်ရှုချင်သော စာအုပ်များကိုလည်း ငှားရမ်းဖတ်ရှုခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး

ငွေဆောင်(ပြန်/ဆက်)