ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ငါးသိုင်းချောင်းမြို့ ရေနံသာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ငါးသိုင်းချောင်း ဩဂုတ် ၂၅

ကျုံပျော်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဂွ-ငါးသိုင်းချောင်းကားလမ်းပေါ်ရှိ ရေနံသာပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ အမှတ် (၃၄၄) အမြှောက် တပ်ရင်းမှူး၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဂိတ် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ တိုက်နယ်ဆေးရုံ၌ သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ငါးသိုင်းချောင်း- လေးမျက်နှာ ကားလမ်းမကြီးပေါ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေကျပ် (၂၄.၅၀) သန်းဖြင့် ငါးသိုင်းချောင်းမြို့ လမ်းဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် သံကူကွန်ကရစ် ကြမ်းခင်းတံတား သစ်တည်ဆောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခြင်း၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေ ကျပ်(၂၀.၀၀) သန်းဖြင့် အမြင့်တင်ရေစင် (၄၀၀'x ၄") ကို Billion Paying ကုမ္ပဏီက တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ အချိန်တွင် ငါးသိုင်းချောင်းမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့(ပြန်/ဆက်)