မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်းရှိ အိမ်ထောင်စုဝင်များအား ဆန်နှင့် ကြက်ဥများ စျေးနှုန်းသက်သာစွာ ရောင်းချပေး

မြန်အောင် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုတာကြီးတန်းရှိ အိမ်ထောင်စုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယနေ့ နံနက်က ဆန်နှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပခန်းဆန်တစ်ပြည် ၁၅၀၀ ကျပ်၊ ကြက်ဥ(၆)လုံး ၁၀၀၀ ကျပ်ဖြင့် အမှတ်(၁) ရပ်ကွက်၊ မကျီးစု တာကြီးတန်းရှိ အိမ်ထောင်စု (၁၀၀)အား တစ်စုလျှင် ဆန်(၂)ပြည်၊ ကြက်ဥ(၆)လုံးနှုန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ဆန်နှင့် ကြက်ဥများ စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းတို့က ကြည့်ရှု၍ ကျန်ရှိသော အိမ်ထောင်စုများနှင့် ရပ်ကွက်များတွင်လည်း စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)