ကြံခင်း ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များသည် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့၊ ဆိပ်သာကျေးရွာ၊ သပြေလှကွင်း၊ ကွင်းအမှတ်(၂၃) တောင်သူ ဦးစောမင်းထူး၏ ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဆီထွက်သီးနှံ မိုးနေကြာ စနစ်တကျစိုက်ပျိုးထားရှိခြင်းနှင့် အထွက်နှုန်းကောင်းမွန်ရေး၊ ပိုးမွှားကျရောက်မှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။
ထို့နောက် ဆိပ်သာ(အ.ထ.က)ကျောင်းဆောင် ပျက်ဆီးမှုအခြေအနေအား ကြည့်ရှုပြီး ပြန်လည်ပြင်ဆင် ဆောင်ရွက်ရမည့် အခြေအနေအား လည်းကောင်း၊ မက်သနောစက်ရုံနှင့် ဝန်ထမ်းအိမ်ယာများ ကြည့်ရှုပြီး လုံခြုံရေးအထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လုပ်ငန်းများ အောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)