ရေဦး ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးရဲနောင်ချစ်က ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှုး ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများအား ဆေးရောင်ခြယ်ရမည့် ရှုခင်းပန်းချီပုံပါ အချက်အလက်များကို ရှင်းလင်းပြောပြခဲ့သည်။
ဆက်လက်၍ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့နယ်ဦးစီးမှုး ဦးရဲနောင်ချစ်နှင့် ဝန်ထမ်းများက အကောင်းဆုံးဆေးရောင်ခြယ်နိုင်မှု ပထမနှင့် ဒုတိယ ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)