မြို့သစ်မြို့တွင် မိုးစပါး(၅၅၁၀၀)ဧက စိုက်ပျိုး ပြီးစီး

မြို့သစ် ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင မိုးစပါးဧက(၅၅၁၀၀)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

မိုးစပါးကို ဇူလိုင်ပထမပတ်တွင် အများဆုံး စတင်စိုက်ပျိုးကြပြီး ရတနာတိုး(၉၄၁၈)ဧက၊ ဧရာမင်း(၃၁၇၀၈)ဧက၊ ဆင်းသုခ(၃၅၇၇)ဧကနှင့် မနောသုခ(၁၀၃၉၇)ဧကစိုက်ပျိုးခဲ့ပြီး စုစုပေါင်းမိုးစပါးဧက(၅၅၁၀၀)ဧက စိုက်ပျိုးအောင်မြင်လျှက်ရှိရာ စပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများဖြင့် ကူညီပေးလျက်ရှိ ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)