လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး TALK SHOW ပြုလုပ်

မအူပင် ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူပေါင်း၍ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ဩဂုတ် ၂၃ ရက်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆင့်ဆင့်ဝေက အဖွင့်မိတ်ဆက်စကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှုးဦးကျော်မင်းဦးမှ လေထုညစ်ညမ်းမှုရဲ့အဓိပ္ပါယ်၊ လေထုညစ်ညမ်းမှုဖြစ်စေသော အရာများအကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် လူသားတွေအတွက် ကျန်းမာရေးကဏ္ဍတွင် ထိခိုက်နိုင်သည့် ဆိုးကျိုးများအကြောင်း၊ လေထုညစ်ညမ်းမှုကို လျော့ချနိုင်မည့် နည်းလမ်းများနှင့် လေထုညစ်ညမ်းမှုလျော့ချရေး အတွက် ဆောင်ရွက်နေသည့် လှုပ်ရှားမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)