တမူးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

တမူး သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ရာသီဥတု မျှတကောင်းမွန်စေရန် ရည်ရွယ်၍ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဗောဓိတောရကျောင်းတိုက်နှင့် တမူး-ဟဲဇင်းကျေးရွာသွား လမ်းဘေးဝဲယာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် တမူးမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူချိန်လျှော့ချနိုင်ရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် လေကောင်း၊ လေသန့်များရရှိနိုင်ရေး၊ သစ်ပင်ကြီးထွားနိုင်မှုနှုန်း မြန်ဆန်စေရေးတို့အတွက် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကာလက စိုက်ပျိုးထားသော သစ်ပင်မျိုးစုံ(၅၉၇)ပင်တို့အား မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများမှ ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရတနာ