ကျောက်ကြီးမြို့နယ်၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ (သုံးဘာသာအောင်) အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်

ကျောက်ကြီး  သြဂုတ် ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ (သုံးဘာသာအောင်) အောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထကကျောင်း သပြေဆောင်ခန်းမ၌ ယနေ့နံနက် နာရီက မြို့နယ် သံဃနာယက ဆရာတော်များမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နမောတဿ() ကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဥူးစန္ဒိမာထံမှ သြဝါဒခံယူပြီး၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္နှင့် မြို့နယ် ပညာရေးမှူးတို့က အမှာစကားအသီးသီးပြောကြားခဲ့သည်၊ ထို့နောက် အထကကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဆရာမများက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် သံဃနာယက ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ အ-ထ-က ကျောင်း ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သော သင်တန်းသားများအား မြို့နယ် သံဃနာယက ဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ (သုံးဘာသာအောင်) အောင်လက်မှတ်အား အသီးသီးပေးအပ်ချီမြှင့်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)