ဖျာပုံမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဖျာပုံ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုး တန်ဖိုး ထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က အကောင်းမြင်စိတ် ထားတတ်အောင် နေထိုင်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဉ်မိုး)က စာရေးဆရာသော်တာဆွေ ရေးသားသော "ဝတ္တုရေးနည်း၊ ဇာတ်ကောင်မွေးနည်း" စာအုပ်မှ" မီးရထားပေါ်မှာ ဇာတ်လမ်းရှာခြင်း ဝတ္တုတိုဆောင်းပါးအား အသေးစိတ်ရှင်းလင်းဆွေးနွေး​သည်။ ထို့နောက် စာဖတ်ဝိုင်း သို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)