ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း     ဩဂုတ်   ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ သန်းဖြင့် ဖိုးကျော့ကွင်းကျေးရွာ၌ လက်တူးတွင်းကျယ်တူးဖော်ခြင်း၊ တွင်းအကျယ် ပေ၊ အနက် ပေ ၄၀ ရှိ တွင်းတူးဖော်ခြင်းနှင့် ဇီးအုပ်ကျေးရွာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ သန်းဖြင့် လက်တူးတွင်းကျယ်တူးဖော်ခြင်း၊ တွင်းအကျယ်  ပေ၊ အနက် ပေ ၄၀ ရှိ ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို  ယမန်နေ့က ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် အချိန်မီပြီးစီးရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)