ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ ရွှေတောင်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင်  သြဂုတ်  ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် ရွှေတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် ယွန်းတန်းရပ်ကွက် ပရိက္ခရာတန်းလမ်းဘေးဝဲ / ယာကွန်ကရစ်ခင်းခြင်း၊ လမ်းပုခုံးညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကြာနီကန်ရပ်ကွက်၊ ကြာနီကန်လမ်းဘေးဝဲ / ယာ အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ တောင်သူ ဦးဌေးအောင် ၏ ဒေသကြက် (တိုင်းရင်းကြက်) များ မွေးမြူထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇယ်မကျေးရွာအုပ်စု ရေမျက်ကျေးရွာ တောင်သူ ဦးမင်းထွဋ်ဦး၏ ၂၀၂၂-၂၀၂၃ ခုနစ် မိုးစပါးမှော်ဘီ (မျိုး (RS-CS) မျိုးစေ့ထုတ်စံပြကွက် (၁၀)ဧကတွင် မြေသြဇာ ကျဲပက်မှုအခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါကွင်းဆင်းခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ထပ်မံဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)