ကဝ ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(မကျက်ကြီး)ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဦး က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများ၏ အားနည်းချက်၊ အမျိုးသမီးများတွေ့ဆုံရသော လူကုန်ကူးမှုအန္တရာယ်၊ မျှော်လင့်ချက်ရောင်ခြည်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုအင်္ဂါ (၃)ရပ်နှင့် လူကုန်ကူးမှုပြစ်ဒဏ်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစစ်နိုင်ဦး က အားကစားဆိုတာဘာလဲ၊ အားကစားအမျိုးအစား (၄)မျိုးအကြောင်း၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူး၊ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ရန်၊ နွေရာသီတွင် အားကစားနည်းများကို သင်တန်းများဖွင့်လှစ်စနစ်တကျသင်ကြားပေးမည် ဖြစ်ကြောင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီးအား အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)