ကန်ကြီးထောင့် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများအား သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိရာ သြဂုတ်လ ၂၃ ရက်နေ့အထိ ပင်စင်စား (၇၁၁)ဦးအား ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ဦးရေမှာ (၉၄၂)ဦးရှိသဖြင့် အုပ်စုများခွဲကာ သက်ကြီး ပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ အချိန်ခွဲကာ စနစ်တကျထုတ်ပေးလျက်ရှိပြီး အသက်ကြီး အငြိမ်းစားဝန်ထမ်းများနားနေရန် ဘဏ်၏ မြေကွက်လပ်တွင် နားခိုစရာနေရာများ သီးသန့်ထား ရှိပြီး အချိန်တိုအတွင်း လစာထုတ်ပေးနိုင်ရန် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပင်စင် လစာငွေများကို လစဉ် (၂၁)ရက်မှ လမကုန်ခင်ရက်အထိ ဘဏ်ဖွင့်ချိန်များအတွင်း ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရသည်။
မဇင်(ပြန်/ဆက်)