နတ်မောက် ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များနှင့်ပတ်သက်၍ ကမ္ဘာပေါ်မှာရှိသော မည်သည့်နိုင်ငံ မည်သည့်လူမျိုးဘဲဖြစ်ဖြစ် စာတတ်သည့်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ မိမိဘိုးဘွားလက်ထက်ကစပြီး လိုက်နာကျင့်သုံးခဲ့သော “ယုံကြည်ချက်”အပေါ် မှီတည်သော လုပ်ဆောင်ချက်တွေ ရှိကြရမှာဖြစ်ကြောင်း၊ ၎င်းလုပ်ဆောင်ချက်များကို ယဉ်ကျေးမှုဟု ခေါ်ဝေါ်ကြပြီး လူမျိုးတိုင်းမှ ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြရမှာဖြစ်ကြောင်း၊ ယဉ်ကျေးမှုတွေ ကိုယ်ပိုင်စာပေရှိ၍ ယဉ်ကျေးမှု ပပျောက်လျှင် လူမျိုးပါပပျောက်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာနတ်သျှင်ရေးသားသော “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပရာ ဒုတိယဦးစီးမှူးက ကိုယ့်ကိုယ်ကိုယ်ချစ်လျှင် လူငယ်များကိုချစ်ပါ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလျှင် လူငယ်များကို တန်ဖိုးထားပါ။ကိုယ့်ကိုယ်ကိုယ် လေးစားလျှင် လူငယ်များကို လေးစားပါ။ကိုယ့်တိုင်းပြည် ကိုယ့်အနာဂတ် ကိုယ့်လူမျိုး ဘာသာ၊သာသနာ ၊ယဉ်ကျေးမှုကို တကယ်ချစ်လျှင် လူငယ်များ၏ အနာဂတ်ကို လှပအောင်ပြုလုပ်ပေးရန်”တို့ကို ဆွေးနွေးခဲ့ရာ စာပေဝါသနာပါသူတစ်ဦးမှ “ပုံပြင်ထဲက ဓမ္မသင်ခန်းစာ” အကြောင်းအရာအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မူမူစန်း