ဖြူး ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရုံးစာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် ပိုမိုစာပေဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်း က စတင်ကာ သုတရသ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာ့စာတိုက်လုပ်ငန်း၊ မြို့နယ်ဥပဒေရုံးနှင့် အမှတ်(၃) အထကကျောင်း တို့တွင် သုတရသစာအုပ်စာစောင် (၂၀၀)ကျော် ငှားရမ်းပေးရာ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ငှားရမ်းကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)