ဘားအံ ဩဂုတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ဘားအံ)မှ ဒုတိယရဲမှူး သိန်းဇော်မြင့်ကလူကုန်ကူးမှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးသူများ၏ အသုံးပြုလုပ်ဆောင်နေသည့်နည်းလမ်းများ၊ လူကုန်ကူးသူများ၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုလုပ်ငန်းများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ချမှတ်နိုင်သည့် ပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ သတင်းပေးပို့နိုင်သည့် Hot Line ဖုန်းအမှတ်များနှင့် စက်တင်ဘာလ (၁၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍလုပ်ဆောင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန်အတွက် နည်းပညာအခန်းကဏ္ဍများ မြှင့်တင်လုပ်ဆောင်ပြီး ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)