နတ်တလင်း သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန် က ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ပေးခြင်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးစစ်ဆေးပေးခြင်း၊ ပေါင်ချိန်တိုင်းတာပေးခြင်း၊ ခါးလုံးပတ်တိုင်ပးခြင်းများ ဆောင်ရွက်ပေးခဲ့ကာ ဆီးချိုဆေးများ၊ သွေးပေါင်ကျဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး