ဒေးဒရဲမြို့၌ တိရစ္ဆာန်များ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချ

ဒေးဒရဲ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျေးလက်နေပြည်သူ များ၏ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အစိပ်တော်ကမံကျေးရွာအုပ်စု၊ တော်မှတ်ကျေးရွာရှိ ပေါ်တော်မူဘုရားတန်ဆောင်းဝန်း တွင်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ လှိုင်ဘုန်းမြင့်က တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါအကြောင်း​ ဟောပြောခြင်းနှင့် ကူးစက်ရောဂါများ ဖြစ်ပွား ပေါ်ပေါက်လာပါက ကာကွယ်ထိန်းချုပ်ရမည့် နည်းလမ်းများကို စာတွေ့လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက် စေရေးအတွက် အသိပညာပေးဟောပြောပွဲများနှင့် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန်များ အား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း