စုကလိမြို့တွင် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲ ကျင်းပ

စုကလိ သြဂုတ် ၂၃

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်နှင့်ကလေးစာဖတ်ခန်း အသုံး ပြုမှုများ ပိုမိုကောင်းမွန်စေရေးနှင့် ကလေးငယ်များ ကာယဉာဏ စာရိတ္တ မြင့်မားစေရန်နှင့် မိမိတို့ စိတ်ကူးဉာဏ်များအား လက်တွေ့ဖန်တီး တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်ကလေး စာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ စုကလိမြို့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ ရုံးမှစာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြပြီးနောက် စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၁၀ ဦးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ပုံဖော်ရေးဆွဲနိုင်သော ကျောင်းသူ ၃ ဦးအား ပထမ၊ ဒုတိယ၊ တတိ ယဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်