စုကလိ သြဂုတ် ၂၃
စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင် ယနေ့နံနက် ၉နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက် Community Centre တွင် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က သဘာဝဘေး အန္တရာယ်အမျိုးမျိုးအကြောင်း၊ ဖြစ်ပေါ်လာချိန်တွင် ရှောင်ရှားနိုင်စေရန်နှင့် သတိပြုကာကွယ်ရန်အချက်များ၊ အရေးပေါ်ကာလတွင် ကလေးသူငယ် များနှင့်သက်ကြီးရွယ်အိုများအား ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ရန် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်တတ်ကြစေရန်တို့ကို ဟောပြောဆွေးနွေးပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် စုကလိမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအထက်တန်းမှ ကျောင်းသူကျောင်းသားလေးများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပိုပိုအောင်