ညောင်တုန်း ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင် နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ် (MCCT) အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ကွင်းဆင်းပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ညောင်တုန်းမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၄)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် (၁၉၉၇)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ် (၄၈၈၆)ဦး စုစုပေါင်း (၆၈၈၃)ဦးအတွက် စုစုပေါင်း ငွေကျပ်(၂၉၆၀၈၅၀၀ဝိ/-)ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များထံသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)