ပဲခူးမြို့ အ.လ.က(ခွဲ) မြို့တွင်းကြီးကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူး  ဩဂုတ်  ၂၃

မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ဖြစ်စေရန်နှင့် စာသင်ကျောင်း အနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ ..က(ခွဲ) မြို့တွင်းကြီးကျောင်း ခန်းမ၌ ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပဲခူးမြို့ ..က(ခွဲ) မြို့တွင်းကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနု က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင် က မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြန့်နှံ့ ရောက်ရှိမှုစသည့် မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် ကြောက်မက်ဖွယ်ကောင်းပုံများကို ဖော်ပြထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ ..က(ခွဲ) မြို့တွင်းကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား ကျောင်းသူများ (၂၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)