ငဖဲ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် အခြေခံပညာအလယ်တန်းဆင့် ကျောင်းသား/သူ (၁၈၅ ) ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇီးတောကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ တာဝန်ခံ ကျောင်းဆရာမဒေါ်မြင့်မြင့်ဝင်းက အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံဒေါ်သင်းသင်းအေးက လူငယ်နှင့်ခေါင်းဆောင်မှုအတတ်ပညာ၊ ခေါင်းဆောင်၏ လက္ခဏာများ၊ ခေါင်းဆောင်တို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် လူငယ်များ ဘဝတိုးတက်မြင့်မားရေးအချိန်ကို အကျိုးရှိစွာ အသုံးချကြရန် အသိပညာပေးပြောကြားကာ ကျောင်းသား/သူများအတွက် အားကစားပစ္စည်းများဖြစ်သည့် ပိုက်ကျော်ခြင်းတစ်စုံနှင့် ဘောလုံး တစ်လုံးတို့ကို ပေးအပ်ရာ ဆရာမဒေါ်မြင့်မြင့်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)