ကော့ကရိတ်မြို့၌ စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကော့ကရိတ် သြဂုတ် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် လူငယ်များစာဖတ်ရှိန်မြှင်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက ကော့ကရိတ်မြို့ လှိုင်ဝကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးရှာဟစ်က အဖွင့်အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် လူငယ်နှင့်အကျင့်စာရိတ္တအကြောင်းအရာတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် ကျောင်းသူ၊ ကျောင်းသားများကို ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ အထွေထွေဗဟုသုတဉာဏ်စမ်းများ မေးမြန်းဖြေဆိုခြင်းနှင့် စာဖတ်စွမ်းရည်မြင့်မားရေးအတွက် စာဖတ်ပြခြင်း အစီစဉ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှပြသထာသော မူးယစ်ဆေးဝါးအန္တရယ်၊ လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာ နံရံကပ်စာစောင်များ စာအုပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ   စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခင်မျိုးဝင်း