သာယာဝတီမြို့နယ်၌ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

သာယာဝတီ     သြဂုတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ သာယာဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် နာရီမှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍  စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေး ကြေညာထားရှိပြီး သာယာဝတီမြို့နယ်တွင် မြို့ပြ ပင်စင် ၈၇၉ ဦး၊ ကာကွယ်ရေး ပင်စင် ၂၈၉  ဦး၊    နိုင်ငံရေးပင်စင် ၂၀၆ ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ၁၂ ဦး၊ စုစုပေါင်း ပင်စင်စား ၁၃၈၆ ဦး ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)