ရွှေတောင် သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်း က ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်ကျေးရွာ ရန်ကုန်- ပြည်လမ်း ဆင်မကြပ်လမ်းဆုံတွင် မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် (မြို့နယ် ရဲတပ်ဖွဲ့မှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နွားမယံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ဆင်မကြပ်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ် ကျော်ဇင်လင်းနှင့် အဖွဲ့ဝင်တို့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ်လိုင်စင် ရှိ / မရှိ စစ်ဆေးခြင်း ဆိုင်ကယ် စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့် အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးကြီးကြပ်မှုကော်မတီ အနေဖြင့် မော်တော်ယာဉ် (၇၅)စီး၊ သုံးဘီးမော်တော်ယာဉ် (၇)၊ မီနီအိုးဝေ (၉)စီး၊ မော်တော်ဆိုင်ကယ် (၁၂၁)စီးတို့အား စစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)