အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေး သောဆရာ/မ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

အိမ်မဲ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် --က ()ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်း ဆုံးကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို 20 ရက်နေ့နံနက် နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အိမ်မဲမြို့နယ် --က ()ကျောင်းမှ ဂုဏ်ထူးရကျောင်းသား/သူ များက ပညာရည်ချွန်ဆုနှင်းသဘင် သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးကဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီးအိမ်မဲမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများတွင် အောင်ချက်အကောင်းဆုံး ကျောင်း များဖြစ်သည့် --က ရွာသစ်၊ --က () --က () ကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)များ အနက် အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် --က (ခွဲ)ကန်ကုန်း၊ --က (ခွဲ)သရက် ကုန်း၊ --က (ခွဲ)တကော --က (ခွဲ) သပြေကွင်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီး များအားမြောင်းမြခရိုင်စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ကဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် အိမ်မဲမြို့နယ်အတွင်းကျောင်းများအသီးသီးမှ ()ဘာသာဂုဏ်ထူးရှင်(၂၁)ဦးနှင့် ()ဘာသာ ဂုဏ်ထူးရှင် (၁၅၇) ဦးတို့အား မြောင်းမြဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် ခရိုင် အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့နောက်အ--က ()အိမ်မဲကျောင်းမှ ကျောင်းသား/သူလေးများက ပြည်ထောင်စုကြီးရဲ့ တို့မြန်မာ သီချင်း၊ --က () ကျောင်းသား/သူ များက စည်းလုံးခြင်း အတွက်သီချင်း၊ --က ()ကျောင်း သား/သူ များက ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းများဖြင့်တေး သရုပ်ဖော်ဖျော်ဖြေ ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ဆုပေးပွဲဖြစ်မြောက်ရေးအတွက်ကူညီပံပိုးခဲ့ကြသော မြို့နယ်အတွင်း အလှူရှင်များ ကိုယ်စား အလှူရှင်()ဦးကို မြောင်းမြဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်()ဘာသာဂုဏ်ထူး၊ ()ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား/သူ များနှင့်ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သည့်ဆရာ/ များအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို ညနေပိုင်းတွင် တာဝန်ရှိသူများကဆက်လက် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန()ခုမှ ဖြေဆိုသူ စာရင်းရှိ(၁၃၂၉)ဦး ဝင်ရောက်ဖြေဆိုသူ (၁၂၄၄)ဦးရှိပြီးအောင်မြင်သူ (၆၃၈)ဦးရှိကာ ()ဘာသာ ဂုဏ်ထူးရှင် (၂၁)ဦး၊()ဘာ သာ ဂုဏ်ထူးရှင် (၁၅၇)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၉၅)ဦး၊ ()ဘာသာ ဂုဏ်ထူးရှင် (၁၆၈)ဦးနှင့်ရိုးရိုးအောင် မြင်သူ (၁၉၇)ဦးစုစုပေါင်း အောင်မြင်သူ (၆၃၈)ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၅၁.၂၉)ရှိကြောင်းနှင့် ခရိုင်ချုပ် အနေဖြင့်ဒုတိယရရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)