လှိုင်းဘွဲ ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံပြဘုတ်တွင် ဒေသနေပြည်သူများအနေ ဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး ရှောင်ကြည်နိုင်ရန်အတွက် အသိပညာပေး နံရံကပ် စာစောင်များပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ဆေးရွက်ကြီးအမျိုးအစားများ၊ ဆေးလိပ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး၊ ဆေး လိပ်သောက်ခြင်းသည် မိမိတစ်ဦးတည်းသာမက မိမိပတ်ဝန်းကျင်ရှိ လူများကို ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်း၊ ပါးစပ်ကင်ဆာ၊ အာခေါင်းကင်ဆာများ ဖြစ်ပေါ်စေခြင်း၊ အရေပြားများ ပျက်စီးစေနိုင်အပြင် သွေးလည်ပတ်မှုအားနည်းခြင်း၊ နှလုံးနှင့်သွေးကြောများအပေါ် လည်ပတ်မှု အားနည်းခြင်း၊ အသက်ရှုလမ်းကြောင်း၊ ဦးနှောက်နှင့်အာရုံကြောတို့ကို ထိခိုက်စေခြင်း၊ ဆီးချိုရောဂါများ ဖြစ်ပေါ်စေခြင်း စသည့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များကို အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)