လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် မျိုးစိတ်အသစ်BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်

လိပ်သို သြဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်  BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၈  နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် နှင့်ရောဂါပိုးအသစ် BA.4 နှင့် BA.5 ရောဂါပိုးများကိုတွေ့ရှိနေပြီဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်လျက်ရှိနေပြီဖြစ်သောကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရန် ပြည်သူများအနေဖြင့် နှာခေါင်း စည်း (Mask) များကို စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လူစုလူဝေး ရှောင်ရှားကြရန် ၊မိမိ၌သံသယလက္ခဏာရှိသည်ဟု ယူဆရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ကာကွယ် ဆေးကို အကြိမ်ပြည့်ထိုးနှံထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးအချက်များကို လိုက်နာကြရန် စသည့်အသိပညာပေးခြင်းများကို   ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လိပ်သို(ပြန်/ဆက်)