ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

ညောင်လေးပင် ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ညောင်လေးပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး   ငါးလုပ်ငန်းဦးစီးဌာန ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးမှ အင်း/တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ညောင်လေးပင်မြို့နယ်အတွင်းရှိ ဂရန်အင်း(၁၁)အင်း၊ ကျောက်တံခါးမြို့နယ် ()အင်းနှင့် တင်ဒါချက် (၁၄)ချက်တို့အား (စတုတ္ထ)အကြိမ် လေလံတင်ရောင်းချရာ ဂရန်အင်းနှင့်တင်ဒါချက်များအားလုံး ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)