လေးမျက်နှာ ဩဂုတ် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကုတ်ကျေးရွာအုပ်စု အောက်စုကျေး ရွာတွင် ဩဂုတ် ၁၈ ရက် နေ့ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ချေးငွေထုတ်ချေးခဲ့ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များ ပေါများစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင် ချေးငွေထုတ်ချေး သည့် စီမံကိန်းလုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အဆိုပါ ကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူ စုစုပေါင်း(၁၂၉)ဦးအား စတုတ္ထအကြိမ် အဖြစ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်(၃၅၂) သိန်းကို နေ့ချင်းပြီးထုတ်ချေးပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများက ပြည်သူများ အား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)