ထားဝယ် သြဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်ခရိုင် အလိုက်စံပြကျေးရွာ Smart village များကိုရွေးချယ်ပေးခဲ့ပြီးစံနှုန်းနှင့်အညီကိုက်ညီသော ထားဝယ် ခရိုင်ရှိ မင်းဒပ်စံပြကျေးရွာ၊ မြိတ်ခရိုင်ရှိ ဝန်ဖို့ကျေးရွာနှင့် ကော့သောင်းခရိုင်ရှိစိုင် တင်းစံပြကျေးရွာများကိုရွေးချယ်ကာ ကျေးရွာအတွက်လိုအပ်သော လယ်ယာသုံးထွန်စက်နှင့် ကိရိယာများကိုနိုင်ငံ တော်က(၅၀%)နှင့် ဝယ်ယူထားသော အသင်းသားများ က(၅၀%) အရစ်ကျ ဝယ်ယူခွင့်ရရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့နောက် စံပြကျေးရွာ(၃)ရွာ၏လိုအပ်ချက်များအား ပံ့ပိုးပေးနိုင်ရေးအတွက် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူက ယခုလိုပြောကြားခဲ့ပါတယ်။
ယခုလက်ရှိတွင်စိုက်ပျိုးရေးကာလ ၂၀၂၂ ရာသီ ဇွန်၊ ဇူလိုင်လများတွင် မြေပြင်သောကာလဖြစ်သောကြောင့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အညီခရိုင်များတွင် စံပြကျေးရွာသတ်မှတ် ထားတာရှိပါတယ်။ တိုင်းဒေသကြီးအတွင်း (၃)ခရိုင်များတွင် စံပြကျေးရွာ(၃)ရွာရှိပြီးစံပြကျေူးရွာ(Smart village)များတွင် လယ်ယာထုတ်ကုန်ဝန်ဆောင်မှု သမဝါယမ အသင်းများဖွဲ့စည်းပြီး အသင်းသား များလိုအပ်သော စက်ပစ္စည်းများကိုနိုင်ငံတော်က(၅၀%) ကျခံပါတယ်။ သမဝါယမဦးစီး ဌာနအနေဖြင့် ဝယ်ယူသောအသင်းသား (သို့) အသင်းကနေ(၅၀%)ကျခံပြီးရောင်းချပေးနေပါတယ်။ စံပြကျေူးရွာ(၃)ရွာ (Smart village) ဒဲ့တွန်းထွန်စက်(၆)စီး၊ ထွန်စက်အပါအဝင်စုစုပေါင်းမူရင်းတန်ဖိုး(၁၄၁၂ သိန်း) နိုင်ငံတော်က တစ်ဝက်ကျ ခံသောကြောင့် (၇၀၆ သိန်း)ကို ၆ စီးအတွက် တောင်သူအသင်းသား များအားရောင်းချပေးရန် စီမံဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းဆောင်ရွက်သာနေရာတွင် အရင်းမပျောက် လည်ပတ်ရံပုံငွေ( Revolving fan)ဆောင်ရွက်မှာဖြစ်ပါတယ်။ မွေးမြူရေးအစုအဖွဲ့ဆိုရင် ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊ နွားစသည့်မွေးမြူရေးအဖွဲ့၊ နောက်ပြီးပုဇွန်၊ ငါး မွေးမြူ ရေးအဖွဲ့နှင့် ကျေးရွာများတွင် အိမ်ဈေးဆိုင် ရောင်းလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်းစသည့်လုပ်ငန်းတူများကို စုဖွဲ့ပြီးလိုအပ်သောအရင်း အနှီးများကို ပံ့ပိုးပြီးထုတ်ချေးသွားမှာဖြစ်ပါတယ်ဟု တိုင်းဒေသကြီးသမဝါယမဦးစီးမှူးဦးကျော်စိုးမင်း ထံမှသိရသည်။
အဆိုပါစံပြကျေးရွာများတွင် သမဝါယမအသင်းများဖွဲ့စည်းပြီး အသင်းသားများလိုအပ်သော လယ်ယာ လုပ်ငန်းထွန်စက် ပစ္စည်းများကို နိုင်ငံတော် က(၅၀%)ကျခံကာ ဝယ်ယူသော အသင်းသားများမှ (၅၀%)အရစ်ကျဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
(Smart village)ကျေးရွာများ၌ ပြီးခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Smart village များကို ကျေးလက်ဒေသဖွံ့ဖြိးရေး ဦးစီးဌာနမှစိစစ်ရွေးချယ်ခဲ့ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ထားဝယ်ခရိုင်တွင် မင်းဒပ်ကျေးရွာ၊ မြိတ်ခရိုင် ဝန်ဖို့ကျေးရွာ၊ ကော့သောင်းခရို်င စိုင်တင်းကျေးရွာသတ်မှတ်ခဲ့ ပါတယ်။(Smart village) သတ်မှတ်ထားသောကျေးရွာများကို သမဝါယမ ဦးစီးဌာနအနေဖြင့် လိုအပ်သော အချက်အလက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် သမဝါယမအသင်းဖွဲ့စည်းပြီး ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဝယ်ယူလိုသောအသင်း/အသင်း သားများက (၅၀%) ၊6လတစ်ကြိမ်ဆပ်သက်တမ်း ကာလ ၂နှစ်ဖြင့် အရစ်ကျ ဝယ်ယူနိုင်ရေးရောင်းချပေးလျက်ရှိပါတယ်။ သမဝါယမမဦးစီးဌာနမှတောင်သူများ အချိန်မီထွန်ယက်စိုက်ပျိုးနိူင်ရေး ထွန်စက်များဖြင့် ကူညီဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာများအရစ် ကျစနစ်ဖြင့်ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တန်ဖိုးအနေဖြင့်အိတ် ၂၇၁၃ အိတ် တန်ဖိုး 106709600ကျပ်ရှိပြီး၊ မြိတ်၊ ကျွန်းစု၊ ထားဝယ်၊ ပလောဒေသများတွင် ရောင်းချပေးနေပါ တယ်ဟုတိုင်းဒေသကြီး သမဝါယမဦးစီးမှူးဦးကျော်စိုးမင်း ထံမှသိရသည်။ စံပြကျေးရွာ(၃)ရွာများတွင် လုပ်ငန်းသုံးထွန်စက်(၆)စီးအားပံ့ပိုးပေးထားပြီးဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)