ကန့်ဘလူ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား အမြင်အာရုံ ပိုမိုကောင်းမွန်စေရန် အင်အားပြင်း ဗီတာမင်အေနှင့် သန်ကောင်ရောဂါ ကင်းဝေးစေရန် အတွက် ဗီတာမင်အေနှင့် သန်ချဆေးများကို ယနေ့ နံနက် ၉ နာရီက တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ကျွေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက အသက် ၆ လမှ ၂ နှစ်ကြား ကလေးငယ်များကို ဗီတာမင်အေကိုလည်းကောင်း၊ အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကိုလည်းကောင်း တိုက်ကျွေးပေးခဲ့ရာ အမှတ်( ၃ /၄ /၅)ရပ်ကွက်များမှ ကလေးငယ်စုစုပေါင်း ၁၅၀ ခန့်တို့ကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)