ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေအသိပညာပေး စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်များပြသ

လှိုင်းဘွဲ    ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးစာအုပ်စာစောင်နှင့်နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်၊ မြန်မာနိုင်ငံနှင့် စိတ်ကြွရူးသွပ်ဆေး ပြဿနာ၊ ဥပဒေ၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကို မည်သို့ကာကွယ်မလဲ၊  မူးယစ်ကင်းစင်တို့ဝန်းကျင်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု၊ မူးယစ်ဆေးစွဲသူများ၊ ဆေးဖြတ်လိုသူများအတွက် နီးစပ်ရာ မူးယစ်ဆေးစွဲကုဌာနအဖွဲ့နှင့်အကူအညီတောင်းရမည့်နေရာများ၊ စသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များကို အသိပညာပေး နံရံကပ် စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ဘောဂလိ(ပြန်/ဆက်)