ပေါင်းတည် သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများကို လစဉ် ၂၁ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇နာရီခွဲအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်ထုတ်ပေးရာတွင် မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ (၃၀၀၀)ဦးရှိပြီး လစဉ် ၂၁ရက်မှ ၂၃ရက်အထိ နေ့စဉ်နံနက် ၇နာရီခွဲအချိန်မှ စတင်ထုတ်ပေးပြီး နောက်ပိုင်းရက်များတွင် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်အတွင်း ထုတ်ယူနိုင်ကြောင်း ယနေ့လာရောက်ထုတ်ယူသူ (၅၆၉)ဦးရှိခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)