ဘောဂလိ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအကြောင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများအတွင်း အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်၊ ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များကို ပြည်သူများလိုက်နာကြရန်၊ လက်ရှိဖြစ်ပေါ်နေသော BA.4 နှင့် BA.5 ရောဂါအကြောင်းများကို ရပ်ကွက်များအတွင်းလှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)