သရက် ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူလူထုအခြေပြု (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံ သားဖွားမီးယပ်ဆောင်တွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးကို ပထမအကြိမ် ဆေးထိုးပြီးသည့် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ထိုးနှံလာသူများအား ကျန်းမာရေး ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အပူချိန်တိုင်းခြင်း ဆောင်ရွက်ပြီးမှ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိရာ ခရိုင်ဆရာဝန်ကြီးနှင့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဆေးထိုးနှံပေးမှု တို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပထမအကြိမ် HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၀ခုနှစ်အောက်တို ဘာလက အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် (၇၄၆)ဦး ထိုးနှံပေးပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)မှ (၁၂)နာရီ၊ နေ့လည်(၂)နာရီမှ(၄)နာရီထိ အသက် (၉)နှစ် မှ (၁၀)နှစ် အရွယ်(၂၂၂)ဦးအား ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)