ကဝမြို့နယ်တွင် လူငယ်နှင့်အားကစားအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ကဝ ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀:၀၀) နာရီက လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစစ်နိုင်ဦးက ဌာန၏မူဝါဒများ၊ ရည်မှန်းချက်များ ရေတို/ရေရှည်စီမံကိန်းများ ဆောင်ရွက်နိုင်မှု၊ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ခရိုင်ပြိုင်ပွဲများ၊ မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာ အားကစားပြိုင်ပွဲများ၊ အားကာနှင့်ပညာရေးပေါင်းစပ်ပြိုင်ပွဲများကျင်းပခြင်း၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီတွင် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပညာရေးဌာနနှင့်ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ အားကစားအကြောင်းသိကောင်းစရာများ၊ အားကစားသိပ္ပံအကြောင်း၊ အားကစားပြုလုပ်ရခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဟောပြောခြင်းနှင့် အားကစားသရုပ်ပြ လေ့ကျင့်ခန်းများ သင်ကြားပြသပေးပြီး အားကစားကို လူငယ်များ စိတ်ဝင်စားလာအောင် စည်းရုံးဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးပါသည်။

ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်များအား အရည်အချင်းပြည့်ဝသော၊ ကျန်းမာသန်စွမ်းသော လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်လာပြီး ဘက်စုံထူးချွန်သည့် နိုင်ငံ့သားကောင်း (Good Cityzen) များ ဖြစ်လာစေရန်နှင့် မျိုးဆက်သစ် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ပေါက်လာစေရန် စည်းရုံးလှုံ့ဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)