ပုလောမြို့နယ် (Community Centre)၌ ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ ပျော်ရွှင်စေရန် ပြပွဲ/ပြိုင်ပွဲများဆောင်ရွက်ပေး

ပုလော ဩဂုတ် ၂၂

ကျောင်းသား/သူများကို စာကြည့်တိုက်ကိုရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးသူများဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းပိတ်ရက်အတွင်း ပြပွဲ/ပြိုင်ပွဲများကို ယမန် နေ့လယ် ၁ နာရီက ပုလောမြို့နယ် (Community Centre)၌ ကျင်းပပြုလုပ်ပေးခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ကျောင်းသား/သူများ ကျောင်းအားလပ်ရက်၌ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတ/ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ၍ စာကြည့်တိုက်ကိုရင်းနှီးကာ အသုံးပြုတတ်လာစေရန် သုတ/ရသ စာအုပ်စာစောင်များ ပြသခြင်း၊ မိမိတို့ကြိုက်နှစ်သက်ရာပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုစေခြင်းနှင့် ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ချွေတာသုံးစွဲတတ်စေရန် အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

ထိုသို့ ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန့်များ၊ အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)