ငပုတော ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကြာကန်အုပ်စု၊ သဲကုန်းကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာ ဆက်သွယ်ထားသော တံတားပျက်စီးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ရဲမှူးမြင့်ရွှေနှင့် အတူ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တံတားအား အလျား ၂၀ဝ ပေ အနံ ၁၄ ပေ ကြမ်းခင်းပျက်စီးနေမှုအား လဲလှယ်ရန်နှင့် သဲကုန်း ကျေးရွာအဝင်လမ်းအား ကျောက်ချောလမ်းခင်းရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ တင်ပြတောင်ခံရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒေသခံပြည်သူများ တွေ့ဆုံပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိပါက ကာကွယ်ဆေး ထိုးနှံကြရန်နှင့် သတ်မှတ်ထားသော အကြိမ်အရေအတွက် အပြည့်အဝထိုးနှံ နိုင်ရေး၊ တောင်သူများ၏ စပါးပင်သီးနှံများကို ဖျက်ဆီးတက်သောရွှေခရုအန္တရာယ်မှ နှိမ်နှင်းကာကွယ်ရေး၊ မိုးစပါးစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ ကျေးရွာသန့်ရှင်း သာယာလှပစေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့အတွင်း ရေးမှူးရဲမှူး မြင့်ရွှေက မိမိဒေသလုံခြုံရေးအတွက် အထူးအလေး ထား ဆောင်ရွက်နေမှုနှင့် မိမိတို့ကျေးရွာ အေးချမ်းသာယာမှု ရှိစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မိမိရပ်ရွာတည်ငြိမ်အေးချမ်းစွာ ရှိရေးနှင့် အခြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေးဆောင်ရွက်ရန်၊ ဆက်လက်ပြီ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးမင်းအောင်က သဘာဝဘေးအန္တရာယ်နှင့် ပက်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒေသခံပြည်သူ များက လိုအပ်သည်များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)