ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကြံခင်း ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာပေမှ ရရှိလာမည့် အသိပညာဗဟုသုတများကို   ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်  နေ့စဉ်အားလပ်ချိန်များတွင် မိမိတို့ဘဝအတွက် စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာဖတ်ခြင်းအကျိုးကျေးဇူး(၇)မျိုးကို အသိပညာပေး ပြောကြားသည်။

ဟောပြောပွဲသို့ အခြေခံပညာမူလွန်မြို့မတောင်မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက  လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို အခမဲ့အသင်းဝင်ရောက်၍ အခမဲ့ စာအုပ်များ လေ့လာ ငှားရမ်းဖတ်ရှုနိုင်စေရန် သုတ၊ ရသ စာအုပ်စာပေမျိုးစုံအား ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြသည်။

မြို့နယ်(ပြန်/ဆက်)