တနင်္သာရီမြို့တွင် ကိုဗစ်-၁၉မျိုးကွဲသစ် (အိုမီခရွန်)ရောဂါကာကွယ်ရေးနှိုးဆော်ပေး

တနင်္သာရီ ဩဂုတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ချောင်းငယ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ်(အိုမီခရွန်)ရောဂါ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအား ဒေသခံပြည်သူများက မမေ့မလျော့ပဲ့ ဆက်လက်လိုက်နာဆောင်ရွက် နိုင်ရန်အတွက် မြို့နယ် ပြန်/ဆက်ဦးစီး ဌာနမှ ဦးစီူအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ညနေ ၅ နာရီအချိန်က လမ်းများအတွင်း လိုက်လံ၍ Hand Speckerဖြင့် နှိုးဆော်သတိပေးခြင်းကို ပြုလုပ်ပေးခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်(အိုမီခရွန်)ရောဂါ ကူးစက်နှုန်းများ ပြန်လည်မြင့်တက်နေပြီး သေဆုံးသူများထပ်မံဖြစ်ပွားနေသဖြင့် ဒေသခံမိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြပါရန်၊ လူစုလူဝေးရှောင်ကြဉ်ကြပါရန်၊  မဖြစ်မနေအပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ် တကျတပ်ဆင်ကြပါရန်၊ လက်ကိုစနစ်တကျ  မကြာခဏဆေးကြောကြပါရန်၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်၏ မျိုးစိတ်သစ်များကို ကာကွယ်ရေးအတွက်ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြပြီး ထပ်ဆောင်းကာကွယ်ဆေးကိုပါ မပျက်မကွက် ထိုးနှံကြပါရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထပ်မံထိုးနှံပြီးဖြစ်သော်လည်း ၎င်းကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုက ဆက်လက်လိုက်နာပြီး ပူးပေါင်းဆောင် ရွက်ကြပါရန် စသဖြင့် သတိပေးနှိုးဆော်ပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)