သာယာဝတီ သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဌာနမှ ယနေ့ နံနက် ၈ နာရီက ရပ်ကွက်ကျေးရွာများအတွင်း အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက သာယာဝတီမြို့နယ်ရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့်ဖြစ်ပွားတက်သောကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နိုင်စေရန်၊ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန်နှင့် အမှိုက်များ၊ ရေမြောင်းများပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန်ရည်ရွယ်၍ ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ သာယာဝတီမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များ၊ ကျေးရွာများနှင့် ကျောင်းများကိုလည်း ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)